• သင့်ရင်သွေးအတွက် ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (အပိုင်း ၁)

  • Aug 5 2024
  • Duración: 2 m
  • Podcast

သင့်ရင်သွေးအတွက် ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (အပိုင်း ၁)

  • Resumen

  • ကာကွယ်ဆေးထိုးခြင်းသည် သင်ကလေးမွေးသောအခါမှာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်တစ်ခုပါ။ ကာကွယ် ဆေးထိုးခြင်းဟာ ရောဂါများစွာကို ကာကွယ်ပေးပါတယ်။ သင့်ကလေးအတွက် ဆရာဝန်ညွှန်ကြားချက် အတိုင်း သင့်လျော်တဲ့ ကာကွယ်ဆေးထိုးရန် အချိန်ဇယားကို လိုက်နာသင့်ပါတယ်။

    သင့်ကလေးအား ကာကွယ်ဆေးထိုးရန် အချိန်ရောက်ပြီလား?

    ကလေးငယ်များကို မွေးပြီးပြီးချင်း ကာကွယ်ဆေးများ စတင်ထိုး‌ပေးကြပါတယ်။ ကာကွယ်ဆေးများဟာ သင့်ကလေးငယ်ကို ရောဂါပိုးများနှင့် အန္တရာယ်ရှိတဲ့ ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် လွယ်ကူ၊ လုံခြုံပြီး ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကိုယ်ခံအားစနစ်ဟာ ရောဂါပိုးတွေကို antibody ခေါ် ပဋိပစ္စည်းများထုတ်လုပ်ပြီး ပြန်လည်တိုက်ထုတ်ပါတယ်။ ကာကွယ်ဆေးတစ်ခု ထိုးတဲ့အခါ ကလေးငယ်များ ရောဂါပိုး ကူးစက်ခံရတဲ့အချိန်မှာ ထွက်လာတဲ့ ခုခံအားလို အလားတူ ခုခံအားစနစ် ဖြစ်လာပါတယ်။ ကလေးများကို အသက်အရွယ်နှင့် တပြေးညီ ကာကွယ်ဆေးထိုး‌ပေးဖို့ အရေးကြီးပါတယ်။

    ကာကွယ်ဆေးဆိုတာဘာလဲ?

    ကာကွယ်ဆေးများဆိုတာကတော့ အန္တရာယ်မပေးနိုင်တဲ့ အသက်မရှိသော၊ မကူးစက်နိုင်သော ရောဂါ ပိုးမွှားငယ် များကို စုပေါင်းပြီး ဆေးအဖြစ်ပြောင်းလဲကာ ကလေးငယ်များကို ရောဂါပိုးမွှားများ ကူးစက်ခြင်း မှ ကာကွယ်ရန် အတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးအများစုကို ထိုးဆေးပုံစံ ဖြစ်ပြီး အချို့ကတော့ ပါးစပ်က သောက်ရတဲ့ ပုံစံဖြစ်ပါတယ်။

    • အပြည့်အစုံကို အသံဖိုင်လေးမှာနားဆင်နိုင်ပါတယ်။


    Más Menos
activate_WEBCRO358_DT_T2

Lo que los oyentes dicen sobre သင့်ရင်သွေးအတွက် ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (အပိုင်း ၁)

Calificaciones medias de los clientes

Reseñas - Selecciona las pestañas a continuación para cambiar el origen de las reseñas.