• အသက် (၃) လအရွယ် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အောင်မြင်မှုမှတ်တိုင်များ -အပိုင်း ၂

  • Aug 7 2024
  • Duración: 2 m
  • Podcast

အသက် (၃) လအရွယ် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အောင်မြင်မှုမှတ်တိုင်များ -အပိုင်း ၂

  • Resumen

  • အမြင်အာရုံ-

    သင့်ကလေးက မွေးစမှာ သူသည် မျက်လုံးတွေ ဝါးနေတာပါ။ သင့်ကလေး ကြီးထွားလာတာနှင့်အမျှ မျက်စိအမြင် အာရုံကလည်း ကောင်းမွန်လာပါတယ်။

    • သူဟာ အဝေးက ရင်းနှီးသူများ ၊ အရာများ မြင်ရခြင်းကို နားလည်လာပါတယ်။

    • သင့်ကလေးဟာ ပြင်ပကို ပို တုံပြန်မှုရှိပြီး မကြာခဏ ပြုံးတတ်လာပါတယ်။

    • သူဟာ အလင်းကို လိုက်ကြည့်တာ၊ ရွေ့နေတဲ့ အရာဝတ္ထုများကို မျက်လုံးများဖြင့် လိုက်ကြည့်တာ လုပ်တတ်နေပါပြီ။

    •သုံးလသားအရွယ်မှာ အရောင်များကို ခွဲခြားနိုင်စွမ်းလည်း ဖွံ့ဖြိုးလာပါပြီ။ တောက်ပသောအရာများက သင့်ကလေးကို ပိုမိုဆွဲဆောင်နိုင်ပါမယ်။

    အိပ်စက်ခြင်း-

    သင်ဟာ အရင်ကထက် တစ်ညတာကို ပိုကောင်းစွာ အိပ်နိုင်လာပါပြီ။ ဘာကြောင့်လဲဆိုတော့-

    • သင့်ကလေးဟာ တစ်ညလုံး သို့မဟုတ် (၆) နာရီခန့်ကြာအောင် တချိုးထဲ အိပ်နေပါလိမ့်မယ်။

    • သူဟာ နေ့ဘက်တွင် ပိုကစားပြီး ညဘက်မှာ ပင်ပန်းလို့ ကောင်းကောင်းအိပ်ပျော်တတ်နေပါပြီ။

    • (၃) လ သားအရွယ် ကလေးရဲ့ အိပ်စက်မှုပုံစံဟာ ပုံမှန်ဖြစ်လာပါပြီ။

    ကြီးထွားမှုနှုန်း-

    ကလေးများအတွက် ကြီးထွားမှုနှုန်းဟာ မတူညီသော်လည်း ပျမ်းမျှအားဖြင့် သင့်ကလေး ကြီးထွားမှုကို အောက်ပါ တို့နဲ့ ကြည့်နိုင်ပါတယ်-

    • ကလေးငယ်ရဲ့ ပျမ်းမျှကိုယ်အလေးချိန်တိုးမှုဟာ သုံးလအတွက် လစဉ် ၁.၅ ပေါင်မှ ၂ ပေါင်ခန့် ဖြစ်ပါတယ်။

    • လစဉ် အရပ် အမြင့် ၁ လက်မခန့် တိုးလာပါတယ်။

    • ဦးခေါင်းအရွယ်အစားကလည်း တစ်လလျှင် လက်မဝက်ခန့် တိုးလာပါတယ်။

    Más Menos
activate_WEBCRO358_DT_T2

Lo que los oyentes dicen sobre အသက် (၃) လအရွယ် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အောင်မြင်မှုမှတ်တိုင်များ -အပိုင်း ၂

Calificaciones medias de los clientes

Reseñas - Selecciona las pestañas a continuación para cambiar el origen de las reseñas.