• ကလေးများ ညည်းသံထွက်ခြင်း အကြောင်း နှင့် ညည်းသံထွက်တာဟာ အသက်ရှူခက်ခဲခြင်း လက္ခဏာ လား- အပိုင်း ၂

  • Aug 7 2024
  • Duración: 2 m
  • Podcast

ကလေးများ ညည်းသံထွက်ခြင်း အကြောင်း နှင့် ညည်းသံထွက်တာဟာ အသက်ရှူခက်ခဲခြင်း လက္ခဏာ လား- အပိုင်း ၂

  • Resumen

  • မိဘများအတွက် အကြံပြုချက်များ-

    သင့်ကလေးကို သက်သာစေရန် အောက်ပါ ရိုးရှင်းသောအချက်များကို လိုက်နာနိုင်ပါတယ်။ တကယ် လို့ ကလေး မှာ အဖျားရှိနေရင်၊ ကောင်းစွာအသက်မရှူနိုင်ရင်၊ ကလေး အသားဟာ ပြာလာတာ တွေ့ရင် ဆရာဝန်ထံ အရေးပေါ် ချက်ချင်းခေါ်သွားပါ။

    • ကလေးအား စောင့်ကြည့်ခြင်း- စိတ်တည်ငြိမ်အောင်ထားပြီး ကလေးကို သက်တောင့်သက်သာရှိသော အနေအထားတွင်ထားပါ။ ပိုဆိုးလာသော လက္ခဏာများ ရှိမရှိ ‌ ဂရုတစိုက် စောင့်ကြည့်ပါ။

    • ဆေးဝါးများ- ကလေးအား အဖျားကျစေရန် ဆေးများ ပေးနိုင်ပါတယ်။ ကလေးက နှာပိတ်နေရင် သက်သာစေဖို့ Saline nasal drops ရှိရင် နှာခေါင်းထဲ အစက်ချပေးနိုင်ပါတယ်။

    • ရေဓာတ်ဖြည့်တင်းခြင်း- ကလေးကို ရေဓါတ်ပြည့်ဝ စေရန် အရည်များများတိုက်ပါ။

    • က‌လေးရဲ့ ပတ်ဝန်းကျင်- ကလေးအခန်းမှာ ရေငွေ့ထုတ်စက် (cool mist humidifier) သုံးနိုင်ပါတယ်။

    ကလေးကို ပြစုတဲ့အခါ လက်ကို သေချာဆေးခြင်းဖြင့် ရောဂါပိုး ပြန့်ပွားခြင်းကို ကာကွယ်ပါ။ သင့်ကလေးကို လေဝင်လေထွက်ကောင်းပြီး ဖုန်မှုန့်ကင်းစင်သောနေရာတွင် ထားပေးပါ။ တင်းကျပ်သော အဝတ်အစားများ ကို ရှောင်ပါ။ ကလေးအနားမှာ ဆေးလိပ်မသောက်ပါနဲ့။

    • တစ်ကိုယ်ရေသန့်ရှင်းမှု- အခြား ဖျားနာသူများနှင့် ကလေး ကို မထိတွေ့ပါစေနဲ့။ ရောဂါပိုးမပြန့်ပွားစေဖို့ ကလေးအား ကိုင်တွယ်ပြီးရင် လက်သန့်ရှင်းရေးကို ဂရုစိုက်ပါ။

    • တိုင်ပင်ဆွေးနွေးခြင်း- အသက်ရှူရခက်ခဲပြင်းထန်ပါက ကလေးဟာ ဆေးရုံ တက်ဖို့ လိုပြီး အောက်ဆီဂျင် ရှူရတတ်ပါတယ်။ အဆုတ်ပိုးဝင်တာပါ ရှိရင် ဆရာဝန်က ဆေးတွေ ပေးပါလိမ့်မယ်။

    အပြည့်အစုံကို အသံဖိုင်လေးထဲမှာ နားဆင်နိုင်ပါတယ်ရှင်!

    Más Menos
activate_WEBCRO358_DT_T2

Lo que los oyentes dicen sobre ကလေးများ ညည်းသံထွက်ခြင်း အကြောင်း နှင့် ညည်းသံထွက်တာဟာ အသက်ရှူခက်ခဲခြင်း လက္ခဏာ လား- အပိုင်း ၂

Calificaciones medias de los clientes

Reseñas - Selecciona las pestañas a continuación para cambiar el origen de las reseñas.