Episodios

  • ကလေးများ ညည်းသံထွက်ခြင်း အကြောင်း နှင့် ညည်းသံထွက်တာဟာ အသက်ရှူခက်ခဲခြင်း လက္ခဏာ လား?
    Aug 22 2024
    • ပုံမှန်မဟုတ်သော သို့မဟုတ် ဆူညံစွာအသက်ရှူခြင်းဟာ ကလေးငယ်များမှာ အဖြစ်များပါတယ်။ အများအား ဖြင့် အရင်းခံပြဿနာ မရှိတတ်သလို ဆေးကုသမှုမလိုဘဲ ပြန်ကောင်းပါတယ်။ သင့်ကလေးဟာ မကြာခဏ ညည်းသံ ထွက်ရင်၊ သို့မဟုတ် အခြားရောဂါရဲ့ လက္ခဏာများ ရှိနေပါက၊ နေမကောင်းတဲ့ ပုံစံ ပေါက်ပါက၊ သင့်ကလေးအား ဂရုတစိုက်စောင့်ကြည့်ဖို့ လိုပါတယ်။ ဒီအခြေအနေဟာ ချက်ချင်းဆေးကုသမှု ခံယူရန် လိုအပ်ပြီး စိုးရိမ်စရာ ဖြစ်နေနိုင်ပါတယ်။

    ကလေးဟာ အသက်ရှူရင် အသံထွက်နေတာ ပုံမှန်ပဲလား?

    ကလေးငယ်များဟာ အသက်ကို လျင်မြန်စွာ ရှူတာက ပုံမှန်ပါ။ တခါတရံမှာ စက္ကန့်အနည်းငယ် အသက် ရှုခြင်းကို ခေတ္တရပ်တာ၊ အလွန် မြန်မြန် ရှူတာ၊ တစ်ခါတစ်ရံ ပုံမှန် အသက်ရှူနေရင်တောင် အသံထွက်တာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးများအတွက် ပုံမှန်အသက်ရှူနှုန်းဟာ တစ်မိနစ်လျှင် အကြိမ် ၄၀ မှ ၆၀ အထိ ဖြစ်ပါတယ်။ အသက်ရှုနှုန်း ပြောင်းတာ၊ အသက်ရှူပုံ ပြောင်းတာ၊ ရင်ဘတ်ကို ချိုင့်အောင် ရှူတာ တွေဟာ ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ လက္ခဏာများ ဖြစ်ပါတယ်။ ကလေးဟာ အသက်ရှူတိုင်း တအင့်အင့် မြည်အောင် ညည်းတွားတာဟာ သင့်ကလေး အသက်ရှူရခက်ခဲတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒီအသံက ကလေး အသက်ရှူထုတ်တိုင်း မြည်တဲ့အသံပါ။ လေတွေကို အဆုတ်ထဲမှာ ထိန်းထားပြီး အသက်ရှူ လမ်းကြောင်း ပွင့်စေဖို့ ခန္ဓာကိုယ်က ပြုလုပ်တဲ့အခါ မြည်တဲ့ အသံဖြစ်ပါတယ်။ 1

    Más Menos
    2 m
  • Morning Sickness - Part 1
    1 m
  • အသက် (၃) လအရွယ် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အောင်မြင်မှုမှတ်တိုင်များ -အပိုင်း ၂
    Aug 7 2024

    အမြင်အာရုံ-

    သင့်ကလေးက မွေးစမှာ သူသည် မျက်လုံးတွေ ဝါးနေတာပါ။ သင့်ကလေး ကြီးထွားလာတာနှင့်အမျှ မျက်စိအမြင် အာရုံကလည်း ကောင်းမွန်လာပါတယ်။

    • သူဟာ အဝေးက ရင်းနှီးသူများ ၊ အရာများ မြင်ရခြင်းကို နားလည်လာပါတယ်။

    • သင့်ကလေးဟာ ပြင်ပကို ပို တုံပြန်မှုရှိပြီး မကြာခဏ ပြုံးတတ်လာပါတယ်။

    • သူဟာ အလင်းကို လိုက်ကြည့်တာ၊ ရွေ့နေတဲ့ အရာဝတ္ထုများကို မျက်လုံးများဖြင့် လိုက်ကြည့်တာ လုပ်တတ်နေပါပြီ။

    •သုံးလသားအရွယ်မှာ အရောင်များကို ခွဲခြားနိုင်စွမ်းလည်း ဖွံ့ဖြိုးလာပါပြီ။ တောက်ပသောအရာများက သင့်ကလေးကို ပိုမိုဆွဲဆောင်နိုင်ပါမယ်။

    အိပ်စက်ခြင်း-

    သင်ဟာ အရင်ကထက် တစ်ညတာကို ပိုကောင်းစွာ အိပ်နိုင်လာပါပြီ။ ဘာကြောင့်လဲဆိုတော့-

    • သင့်ကလေးဟာ တစ်ညလုံး သို့မဟုတ် (၆) နာရီခန့်ကြာအောင် တချိုးထဲ အိပ်နေပါလိမ့်မယ်။

    • သူဟာ နေ့ဘက်တွင် ပိုကစားပြီး ညဘက်မှာ ပင်ပန်းလို့ ကောင်းကောင်းအိပ်ပျော်တတ်နေပါပြီ။

    • (၃) လ သားအရွယ် ကလေးရဲ့ အိပ်စက်မှုပုံစံဟာ ပုံမှန်ဖြစ်လာပါပြီ။

    ကြီးထွားမှုနှုန်း-

    ကလေးများအတွက် ကြီးထွားမှုနှုန်းဟာ မတူညီသော်လည်း ပျမ်းမျှအားဖြင့် သင့်ကလေး ကြီးထွားမှုကို အောက်ပါ တို့နဲ့ ကြည့်နိုင်ပါတယ်-

    • ကလေးငယ်ရဲ့ ပျမ်းမျှကိုယ်အလေးချိန်တိုးမှုဟာ သုံးလအတွက် လစဉ် ၁.၅ ပေါင်မှ ၂ ပေါင်ခန့် ဖြစ်ပါတယ်။

    • လစဉ် အရပ် အမြင့် ၁ လက်မခန့် တိုးလာပါတယ်။

    • ဦးခေါင်းအရွယ်အစားကလည်း တစ်လလျှင် လက်မဝက်ခန့် တိုးလာပါတယ်။

    Más Menos
    2 m
  • ကလေးများ ညည်းသံထွက်ခြင်း အကြောင်း နှင့် ညည်းသံထွက်တာဟာ အသက်ရှူခက်ခဲခြင်း လက္ခဏာ လား- အပိုင်း ၂
    Aug 7 2024

    မိဘများအတွက် အကြံပြုချက်များ-

    သင့်ကလေးကို သက်သာစေရန် အောက်ပါ ရိုးရှင်းသောအချက်များကို လိုက်နာနိုင်ပါတယ်။ တကယ် လို့ ကလေး မှာ အဖျားရှိနေရင်၊ ကောင်းစွာအသက်မရှူနိုင်ရင်၊ ကလေး အသားဟာ ပြာလာတာ တွေ့ရင် ဆရာဝန်ထံ အရေးပေါ် ချက်ချင်းခေါ်သွားပါ။

    • ကလေးအား စောင့်ကြည့်ခြင်း- စိတ်တည်ငြိမ်အောင်ထားပြီး ကလေးကို သက်တောင့်သက်သာရှိသော အနေအထားတွင်ထားပါ။ ပိုဆိုးလာသော လက္ခဏာများ ရှိမရှိ ‌ ဂရုတစိုက် စောင့်ကြည့်ပါ။

    • ဆေးဝါးများ- ကလေးအား အဖျားကျစေရန် ဆေးများ ပေးနိုင်ပါတယ်။ ကလေးက နှာပိတ်နေရင် သက်သာစေဖို့ Saline nasal drops ရှိရင် နှာခေါင်းထဲ အစက်ချပေးနိုင်ပါတယ်။

    • ရေဓာတ်ဖြည့်တင်းခြင်း- ကလေးကို ရေဓါတ်ပြည့်ဝ စေရန် အရည်များများတိုက်ပါ။

    • က‌လေးရဲ့ ပတ်ဝန်းကျင်- ကလေးအခန်းမှာ ရေငွေ့ထုတ်စက် (cool mist humidifier) သုံးနိုင်ပါတယ်။

    ကလေးကို ပြစုတဲ့အခါ လက်ကို သေချာဆေးခြင်းဖြင့် ရောဂါပိုး ပြန့်ပွားခြင်းကို ကာကွယ်ပါ။ သင့်ကလေးကို လေဝင်လေထွက်ကောင်းပြီး ဖုန်မှုန့်ကင်းစင်သောနေရာတွင် ထားပေးပါ။ တင်းကျပ်သော အဝတ်အစားများ ကို ရှောင်ပါ။ ကလေးအနားမှာ ဆေးလိပ်မသောက်ပါနဲ့။

    • တစ်ကိုယ်ရေသန့်ရှင်းမှု- အခြား ဖျားနာသူများနှင့် ကလေး ကို မထိတွေ့ပါစေနဲ့။ ရောဂါပိုးမပြန့်ပွားစေဖို့ ကလေးအား ကိုင်တွယ်ပြီးရင် လက်သန့်ရှင်းရေးကို ဂရုစိုက်ပါ။

    • တိုင်ပင်ဆွေးနွေးခြင်း- အသက်ရှူရခက်ခဲပြင်းထန်ပါက ကလေးဟာ ဆေးရုံ တက်ဖို့ လိုပြီး အောက်ဆီဂျင် ရှူရတတ်ပါတယ်။ အဆုတ်ပိုးဝင်တာပါ ရှိရင် ဆရာဝန်က ဆေးတွေ ပေးပါလိမ့်မယ်။

    အပြည့်အစုံကို အသံဖိုင်လေးထဲမှာ နားဆင်နိုင်ပါတယ်ရှင်!

    Más Menos
    2 m
  • ကလေးများ ညည်းသံထွက်ခြင်း အကြောင်း နှင့် ညည်းသံထွက်တာဟာ အသက်ရှူခက်ခဲခြင်း လက္ခဏာ လား- အပိုင်း ၁
    Aug 7 2024

    ပုံမှန်မဟုတ်သော သို့မဟုတ် ဆူညံစွာအသက်ရှူခြင်းဟာ ကလေးငယ်များမှာ အဖြစ်များပါတယ်။ အများအား ဖြင့် အရင်းခံပြဿနာ မရှိတတ်သလို ဆေးကုသမှုမလိုဘဲ ပြန်ကောင်းပါတယ်။ သင့်ကလေးဟာ မကြာခဏ ညည်းသံ ထွက်ရင်၊ သို့မဟုတ် အခြားရောဂါရဲ့ လက္ခဏာများ ရှိနေပါက၊ နေမကောင်းတဲ့ ပုံစံ ပေါက်ပါက၊ သင့်ကလေးအား ဂရုတစိုက်စောင့်ကြည့်ဖို့ လိုပါတယ်။ ဒီအခြေအနေဟာ ချက်ချင်းဆေးကုသမှု ခံယူရန် လိုအပ်ပြီး စိုးရိမ်စရာ ဖြစ်နေနိုင်ပါတယ်။

    ကလေးဟာ အသက်ရှူရင် အသံထွက်နေတာ ပုံမှန်ပဲလား?

    ကလေးငယ်များဟာ အသက်ကို လျင်မြန်စွာ ရှူတာက ပုံမှန်ပါ။ တခါတရံမှာ စက္ကန့်အနည်းငယ် အသက် ရှုခြင်းကို ခေတ္တရပ်တာ၊ အလွန် မြန်မြန် ရှူတာ၊ တစ်ခါတစ်ရံ ပုံမှန် အသက်ရှူနေရင်တောင် အသံထွက်တာ ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးများအတွက် ပုံမှန်အသက်ရှူနှုန်းဟာ တစ်မိနစ်လျှင် အကြိမ် ၄၀ မှ ၆၀ အထိ ဖြစ်ပါတယ်။ အသက်ရှုနှုန်း ပြောင်းတာ၊ အသက်ရှူပုံ ပြောင်းတာ၊ ရင်ဘတ်ကို ချိုင့်အောင် ရှူတာ တွေဟာ ဆေးကုသမှုခံယူဖို့ လိုအပ်တဲ့ လက္ခဏာများ ဖြစ်ပါတယ်။ ကလေးဟာ အသက်ရှူတိုင်း တအင့်အင့် မြည်အောင် ညည်းတွားတာဟာ သင့်ကလေး အသက်ရှူရခက်ခဲတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဒီအသံက ကလေး အသက်ရှူထုတ်တိုင်း မြည်တဲ့အသံပါ။ လေတွေကို အဆုတ်ထဲမှာ ထိန်းထားပြီး အသက်ရှူ လမ်းကြောင်း ပွင့်စေဖို့ ခန္ဓာကိုယ်က ပြုလုပ်တဲ့အခါ မြည်တဲ့ အသံဖြစ်ပါတယ်။

    အပြည့်အစုံကို အသံဖိုင်လေးထဲမှာ နားဆင်နိုင်ပါတယ်ရှင်!

    Más Menos
    2 m
  • သင့်ရင်သွေးအတွက် ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (အပိုင်း ၃)
    Aug 5 2024

    အသည်းရောင်အသားဝါ ဘီ

    သင့်ကလေး ရရှိမယ့် ပထမဆုံး ကာကွယ်ဆေးပါ။ မွေးပြီး ၂၄ နာရီအတွင်း ပထမဆုံးအကြိမ် ဆေးကို ထိုးရပါတယ်။ ဒုတိယအကြိမ် နှင့် တတိယအကြိမ် က အသက်တစ်လမှ နှစ်လ အရွယ်နှင့် ခြောက်လမှ ဆယ့်နှစ်လသားအရွယ် တို့မှာ ထိုးရပါမယ်။

    ဘီစီဂျီ ခေါ် တီဘီရောဂါ ကာကွယ်ဆေး (BCG (Bacillus Calmette Guerin) )

    ဒါက သင့်ကလေးမွေးဖွားပြီးချိန်မှာ ရရှိမယ့် ဒုတိယမြောက် ကာကွယ်ဆေးပါ။ သင့်ကလေးကို တီဘီ ရောဂါမှ ကာကွယ်ပေးပါတယ်။ ဆေးထိုးပြီးရင် ကလေးက ဖျားလာတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်လာတာ ဖြစ်နိုင်ပါတယ်။

    ပိုလီယိုအစက်ချဆေး (OPV (Oral Polio Vaccine) )

    ပထမအကြိမ်ကို မွေးစမှာ ပါးစပ်ထဲ အစက်ချပါတယ်။ နောက်ပိုင်း ကလေးအသက် (၆) ပတ်မှာ ဒုတိယအကြိမ်၊ (၁၀) ပတ်တွင် တတိယအကြိမ်နှင့် အသက် (၁၄) ပတ်မှာ နောက်ဆုံးအကြိမ်ကို တိုက်ကျွေးပါတယ်။ ဒီဆေးက ပိုလီယိုဗိုင်းရပ်စ်ပိုးကို ကာကွယ်ပေးပါတယ်။

    • အပြည့်အစုံကို အသံဖိုင်လေးမှာနားဆင်နိုင်ပါတယ်။
    Más Menos
    3 m
  • သင့်ရင်သွေးအတွက် ကာကွယ်ဆေးထိုးရန် အချိန်ဇယားအကြောင်း သင်သိလိုသမျှ (အပိုင်း ၁)
    Aug 5 2024

    ကာကွယ်ဆေးထိုးခြင်းသည် သင်ကလေးမွေးသောအခါမှာ မရှိမဖြစ်လိုအပ်တဲ့ အဆင့်တစ်ခုပါ။ ကာကွယ် ဆေးထိုးခြင်းဟာ ရောဂါများစွာကို ကာကွယ်ပေးပါတယ်။ သင့်ကလေးအတွက် ဆရာဝန်ညွှန်ကြားချက် အတိုင်း သင့်လျော်တဲ့ ကာကွယ်ဆေးထိုးရန် အချိန်ဇယားကို လိုက်နာသင့်ပါတယ်။

    သင့်ကလေးအား ကာကွယ်ဆေးထိုးရန် အချိန်ရောက်ပြီလား?

    ကလေးငယ်များကို မွေးပြီးပြီးချင်း ကာကွယ်ဆေးများ စတင်ထိုး‌ပေးကြပါတယ်။ ကာကွယ်ဆေးများဟာ သင့်ကလေးငယ်ကို ရောဂါပိုးများနှင့် အန္တရာယ်ရှိတဲ့ ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် လွယ်ကူ၊ လုံခြုံပြီး ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ကိုယ်ခံအားစနစ်ဟာ ရောဂါပိုးတွေကို antibody ခေါ် ပဋိပစ္စည်းများထုတ်လုပ်ပြီး ပြန်လည်တိုက်ထုတ်ပါတယ်။ ကာကွယ်ဆေးတစ်ခု ထိုးတဲ့အခါ ကလေးငယ်များ ရောဂါပိုး ကူးစက်ခံရတဲ့အချိန်မှာ ထွက်လာတဲ့ ခုခံအားလို အလားတူ ခုခံအားစနစ် ဖြစ်လာပါတယ်။ ကလေးများကို အသက်အရွယ်နှင့် တပြေးညီ ကာကွယ်ဆေးထိုး‌ပေးဖို့ အရေးကြီးပါတယ်။

    ကာကွယ်ဆေးဆိုတာဘာလဲ?

    ကာကွယ်ဆေးများဆိုတာကတော့ အန္တရာယ်မပေးနိုင်တဲ့ အသက်မရှိသော၊ မကူးစက်နိုင်သော ရောဂါ ပိုးမွှားငယ် များကို စုပေါင်းပြီး ဆေးအဖြစ်ပြောင်းလဲကာ ကလေးငယ်များကို ရောဂါပိုးမွှားများ ကူးစက်ခြင်း မှ ကာကွယ်ရန် အတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကာကွယ်ဆေးအများစုကို ထိုးဆေးပုံစံ ဖြစ်ပြီး အချို့ကတော့ ပါးစပ်က သောက်ရတဲ့ ပုံစံဖြစ်ပါတယ်။

    • အပြည့်အစုံကို အသံဖိုင်လေးမှာနားဆင်နိုင်ပါတယ်။


    Más Menos
    2 m
  • မိခင်နို့တိုက်ကျွေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အခက်အခဲများ (အပိုင်း ၂)
    Aug 5 2024

    ကလေးများက တစ်နေ့ကို ၈ ကြိမ်မှ ၁၂ ကြိမ်အထိ နို့ချိုတိုက်ကျွေးရလေ့ရှိပါတယ်။ နို့ထွက်မလောက်မှာ စိုးရိမ်တာထက် သင့်ကလေးရဲ့ ကြီးထွားမှု၊ ကိုယ်အလေးချိန်၊ လှုပ်ရှားမှုနဲ့ စိတ်အခြေအနေတွေကို လေ့လာကြည့်ပါ။ ဒီလိုဆိုရင် ကလေးက နို့လုံလောက်စွာ ရနေသလားဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။2 နို့ထွက်နှုန်းနည်းတဲ့ ပြဿနာကို ရှောင်ရှားဖို့ အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။

    • သင့်ကလေးကို ဗိုက်ဆာတိုင်း နို့တိုက်ပါ။

    • သင့်ကလေးသည် နို့စို့နေပြီဖြစ်ကြောင်း သေချာပါစေ။

    • ရင်သားနှစ်ဖက်လုံးမှ မိခင်နို့တိုက်ပါ။

    • နို့ဘူးအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

    • မိမိကလည်း အိပ်ရေးဝဝ အိပ်ပါ။

    • နို့တိုက်ပြီးတိုင်း သင့်ရင်သားကို ‌နို့ကုန်အောင် ညှစ်ပေးပါ။

    အပြည့်အစုံကို အသံဖိုင်လေးမှာနားထောင် ပါ

    Más Menos
    4 m